Thursday, September 29, 2011

အနာဂတ်ရတနာများကွန်းခိုရာ ရွှေမြယာသို့တစ်နေ့သာ

ဒီနေ့တော့ သတိထားပြီး အိပ်ယာက စောစောထပါတယ်။ အရမ်းကို
တက်ကြွနေတဲ့စိတ်ဓာတ် နဲ့ပေါ့။ မိုးကောင်းကင်ကိုကြည့်ပြီး ဒီနေ့တော့
ရာသီဥတုလေးကြည်ကြည်လင်လင် သာသာယာယာ ရှိပါစေလို့ဆုတောင်းမိတယ်။
ဘာလို့လဲဆိုတော့ ဒီနေ့ မှော်ဘီရွှေမြယာကျောင်းက ကလေးတွေဆီကို သွားမှာကိုး။
ဒီတနင်္ဂနွေကိုလည်း မျှော်လင့်ခဲ့ရတာ ကြာပါပြီ။ ခရီးတစ်ခုသွားရရင်
ပျော်ရွှင်ကြည်နှုး တတ်တဲ့ကျွန်မက ဒီတနင်္ဂနွေ ရွှေမြယာကျောင်းကို
သွားမယ်ဆိုတာနဲ့ လိုက်ဖို့က အဆင်သင့်ပါ။ တစ်ညလုံးလည်းအိပ်မပျော်ဘူး။
သူငယ်ချင်းတွေနဲ့အတူ ကား (2)နာ၇ီလောက် စီးရမယ့် ခရီးကိုပဲ
ကြိတင်ပျော်ရွှင်နေမိတာပေါ့။
(11) နရီမတိုင်မှီရောက်ဖို့ အိမ်ကနေ (10)လောက်မှာ ထွက်ခွာခဲ့ရပါတယ်။
ဘတ်(စ်)ကား ဂိတ်ရောက်တော့ မိုးက “ဗြုန်း” ဆိုပြီး မပြောမဆို
ရွာချပါတော့တယ်။ သိပ်စိတ်ညစ်သွားတာပေါ့။ ရာသီဥတု သာသာယာယာလေးနဲ့ သွားချင်
မိပါတယ်ဆိုမှ တကယ်ပဲ အနှောက်အယှက်မိုးလို့ အပြစ်တင်မိပါတယ်။ ချိန်းထားတဲ့
(8) မိုင်လမ်းဆုံကိုရောက်တော့ (10) နာရီခွဲ ကိုနေမင်းနဲ့ဆယ်ရာက
ကြိုရောက်လို့နေပါပြီ။ တင်တင်အေး မုန့်ဟင်းခါးဆိုင်မှာ ထိုင်လို့ပေါ့။
အဲဒီအချိန်မှာပဲ ကိုမင်းသီဟက ဆိုင်ထဲကို တန်းတန်းမတ်မတ်ရောက်လာလို့
အံ့လည်းသြရ ၀မ်းလည်းသာရပေါ့။ မထင်ထားဘူးလေ။ လိုက်မယ်ဆိုတာလည်း
မသိတော့ရောက်လာတော့ အံ့သြရတာပေါ့ ။ အခုလိုအားတက်သရောနဲ့ ပါဝင်ပေးလို့
တကယ်ပဲကျေးဇူးတင်မိပါတယ်။ သူကလည်းချိန်းထားတဲ့အချိန်မမှီ
မှာစိုးလို့တဲ့။
အချိန်ကို လေးစားတဲ့အတွက်ထပ်ပြီးကျေးဇူးတင်မိပြန်တယ်။ အဲဒီနောက်မှာ
မိုင်ဆန်းဆီက ဖုန်းဝင်လာပါတယ် နာရီဝက်လောက်စောင့်ပေးပါတဲ့။
စောင့်ပေးပါ့မယ်ပေါ့။ ခဏနေတော့ ကိုဇော်မင်းထွန်း (ဒူးဒူ) ရောက်လာပါတယ်။
မိုးရေတွေစိုရွှဲလို့ပေါ့။ ကျွန်မကလည်းခရီးဦးကြို ဆူထည့်လိုက်ပါတယ်။
ဘယ်အချိန်ချိန်းထားလဲလို့ပေါ့။ အမောပြေ အဲဒီလိုဧည့်ခံလိုက်ပါတယ်။
ကျွန်မနဲ့ဆယ်ရာတို့သသာပျင်း နေကြပြီး လည်တဆန့်ဆန့်နဲ့မျှော်နေတာပါ
ဘယ်သူတွေ လာဦးမလဲလို့ပေါ့။
မိုးကလည်းရွာ ချိန်းထားတဲ့အချိန်ထက်လည်းကျော်လွန်လာတော့ စိတ်ကလည်း
တိုလာပါပြီ။ အိမ်ကို ညနေ(5)နာရီအရောက်ပြန်ရောက်ဖို့လိုတဲ့အတွက်ကြောင့်ပါ။
အခုသွားမယ့်ခရီးက ကားစီးချိန် တင် အသွားအပြန် (4) နာရီ
ဆိုတော့အချိန်မလောက်မှာကို တွေးပူမိပြီး ငါတော့ မလိုက်တော့ဘူးလို့
ပြောရတော့တာပေါ့။ စိတ်ဆိုးလို့ ပြောတာမဟုတ်ပါဘူး။ အချိန်မှီပြန်မရောက်ရင်
ကိုယ်ပဲ ဒုက္ခရောက်ရမှာကို။ ဒါနဲ့အာကာက မိုင်ဆန်းဆီကိုဖုန်းခေါ်ပါတယ်
လိုင်းကားပေါ်မှာတဲ့ 15 မိနစ်လောက်ထပ်ကြာသွားတယ် ပွိုင့်မိနေလားပေါ့
ဒါနဲ့ပဲ ဖုန်းထပ်ခေါ်ပါတယ် ဘယ်မှာလဲဆိုတော့ 6 မိုင်ခွဲမှာတဲ့ ...
အားလုံးမျှော်လင့်နေတဲ့မိုင်ဆန်း 12
နာရီကျော်ကျော်လေးမှာရောက်ရှိလို့လာပါတယ်။ မျက်နှာမြင်လိုက်ရတော့ လည်း
စိတ်ဆိုးစိတ်ကောက်ချင်တာတွေ အကုန်ဘယ်ရောက်လို့ ဘယ်ပျောက်ကုန်တယ်မသိ ။
မိုင်ဆန်း က အဲဒီလို စွမ်းတာလေ အရေးပေါ်အကြောင်းလေးတွေပေါ်လာတဲ့အတွက်
တကယ်ပဲတောင်းပန်ပါတယ်တဲ့။ ရောက်လာပြီ ဆိုတဲ့အတွက် ရင်ထဲအေးသွားရတာပါပဲ
အပြင်မှာကလည်း မိုးက ဘာအေးသလဲမမေးနဲ့ ။ ဒါနဲ့ ဆူးလေ- ဥက္ကံကားကို
တားစီးပြီး တော့ ရွှေမြယာကျောင်းတိုက်ကို ထွက်ခွါလာခဲ့ပါတော့တယ် ။
ကားပေါ်ရောက်တော့လည်း စပယ်ရာ ကို ကားခဈေးဆစ်ပြီးနောက်တော့ မရဘူးဗျ၊
စိတ်ကြီးတယ် ရှေ့မှတ်တိုင်ဆင်းလေတဲ့၊ အဲ ... ဒီလိုတော့မလုပ်ပါနဲ့ ..
တောင်းတဲ့ဈေးပေးပါ့မယ်ဆိုပြီးပြန်ချော့ရတာပေါ့ ။
အာကာမောင်က အိုက်တင်ကြီးတခွဲသားနဲ့ ကျွန်မတို့ကို က္ကုနြေ္ဒမရဘူး
အပျော်ခရီးထွက်လာတာမဟုတ်ဘူး လိုင်းကားစီးနေတာတဲ့
တိတ်တိတ်ငြိမ်ငြိမ်နေဆိုပြီးဟောက်တယ် သူလည်းဒီတစ်ခါပဲ က္ကုနြေ္ဒရဘူးပါတယ်
ပျင်းဖို့ကောင်းအောင် ကားကလည်း ဟိုတုန်းက
သီချင်းကြီးသီချင်းလေးတွေကိုဖွင့်ပါတယ် ကိုနေမင်းကလည်း ကျွန်မယူလာတဲ့
မရမ်းပြားယိုကို အိပ်မှာကပ်နေတဲ့ အနှစ်တွေကိုတောင် အလွတ်မပေး
အကြွင်းအကျန်အကုန်ခြစ်စားပါတယ် မိုင်ဆန်းကလည်း သီချင်းကြီးတွေကိုပဲ
လက်ခုပ်တီးပြီး စည်းဝါးလိုက်နေလို့ ခရီးသည်တွေက နောက်လှည့်
ကြည့်ရတဲ့အထိပေါ့။ ထောက်ကြန့် ဘက်ကိုရောက်တော့ မိုးကတိတ်သွားပါပြီ
ဝမ်းသာလိုက်တဲ့ ဖြစ်ခြင်း ဒီလိုနဲ့ရွှေမြယာ
ဘုန်းကြီးကျောင်းရှေ့ကိုရောက်ရှိလို့လာပါတော့တယ်။ ကားပေါ်ကဆင်းတော့မှ
မောင်အာကာက ကားပေါ်မှာ ငြိမ်နေရတဲ့အကြောင်းအရင်းက ရှုးရှုးပေါက်ချင်လို့တဲ့
ဒါကြောင့်ကိုး ။
ဆရာတော်ကို သွားရောက်ဖူးမျှော်လျှောက်တင်ကြပါတယ်။ ဆရာတော်ကလည်း
ဒီလိုမျိုးလာရောက်လှူဒါန်းပေး ဖို့ရည်ရွယ်တဲ့အတွက
်အလွန်ပင်ဝမ်းမြောက်ကြောင်းနဲ့ လှူတဲ့အကျိုးကို အကျဉ်းချူပ်
တရားတိုလေးဟောပေး ပါတယ် ကျွန်မတို့က စာေ၇းကိရိယာလှူဒါန်းဖို့
ရည်ရွယ်ကြောင်းပြောတော့ ဆရာတော်က ဗလာစာအုပ်ဆိုရင် အကြမ်းသာလို
အပ်ကြောင်းနှင့် ဈေးကြီး တဲ့အချောတွေ မလှူဖို့ကို မိန့်ကြားပါတယ်။
ငွေပဒေသာပင်လှူဒါန်းဖို့လည်း ဆန္ဒရှိကြောင်း လျှောက်ထားတော့
ပညာရေးငွေပဒေသာပင် စိုက်ထူထားတာ ရှိကြောင်းနှင့် ကလေးတွေအတွေက်တနေ့သာ
အဟာရအနေနှင့် ထမင်းကျွေးဖို့ လျာထားသတ်မှတ်ကြောင်း
လျှောက်ထားအတည်ပြုခဲ့ကြပါတယ်။
လှူဒါန်းမှုဒါနအကျိုးနှင့်ပတ်သက်ပြီးတော့ ဆရာတော်က အကျဉ်းမျှ
မိန့်ကြားခဲ့ပါတယ် ။ ဒီကလေးငယ်တွေရဲ့ လိုအပ်နေတဲ့ ကွက်လပ်ကလေးတွေကို
ဖြည့်ဆည်းပေးမယ်ဆိုလျှင် ကိုယ့်ဘ၀မှာလည်း ကိုယ်ဖြည့်ဆည်းလှူဒါန်းပေး
လိုက်တဲ့ ဒါနအကျိုးနဲ့ထပ်တူ တူသောအကျိုးကို
ပြန်လည်ခံစားနိုင်ပါလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ် ကံကံ၏ အကျိုးလို့
ဆိုတယ်မဟုတ်ပါလား ။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတည်ထောင်ရခြင်းရဲ့
ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ ဆရာတော်က ဆင်းရဲချမ်းသာမရွေး လူတိုင်း
လူတိုင်း အရေး၊ အဖတ်အတွက် အခြေခံပညာနှင့် ခေတ်ပညာသင်ကြားသတ်မြောက်
စေဖို့ရယ်၊ ပညာသင်ကြားရေးမှာ စရိတ်သက်သာပြီးလွယ်ကူမှုရှိစေဖို့ရယ် ၊
ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး နိုင်ငံအကျိုးကို
သယ်ပိုးလိုတဲ့ သားကောင်းသမီးကောင်းတွေဖြစ်လာစေဖို့ရယ်၊ မြန်မာ့ယဉ်ကျေးမှု
ဓလေ့ ထုံးစံတွေကို သိရှိနားလည်ပြီး မြတ်နိုးစွာ
လိုက်နာခံယူတတ်ကြစေဖို့ရယ်နဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်း
စောင့်ရှောက်နိုင်စေဖို့လို့ ဆရာတော်က မိန့်ကြားပါတယ်။
ဘုန်းဘုန်းကြီး ဥူးဝါယမိန္ဒက ဒီရွှေမြယာဘုန်းတော်ကြီးသင်
ပညာရေးကျောင်းကို 1993 ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာပါ။
လက်ရှိအနီးအနားရွာက မရှိဆင်းရဲသားကျောင်းသားကလေးငယ် 560 ကျော်ကို
အခမဲ့ပညာဒါန သင်ကြားပေးနေတာပဲဖြစ်ပါတယ်။ ကျောင်းမှာ ဆရာ/မ (19) ဦးက
တာဝန်ယူသင်ကြားပေးနေပြီး ဆရာ/မ (19) ဦးရဲ့ လစဉ်လစာငွေဟာ
ငါးသိန်းကျော်မျှ ရှိတယ်လို့သိရပါတယ်။ ကျွန်မတို့အဖွဲ့ရဲ့
အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ကျွန်မတို့လေးစား ရတဲ့ စာရေးဆရာ ဆရာကောင်းသန့်က
ဆရာမတစ်ဦးရဲ့ တစ်နှစ်စာ လစာငွေ (360000/ိ)ကို (5)နှစ်ဆက်တိုက် ယခု
တိုင် လှူဒါန်းနေပါတယ်လို့သိရတဲ့အတွက် သာဓုခေါ်ပါတယ် ဆရာ။ သြော် ..
ဒီလိုဆိုတော့ကျွန်မတို့လည်း အဲဒီလို အလှူမျိုး လှူဒါန်းချင်လိုက်တာ ။
တစ်ချိန်မှာ တော့ လှူဒါန်းနိုင်လိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ။
ကျန်တဲ့အသေးစိတ် အချက်အလက်တွေကိုတော့ ကျောင်းအုပ်ဆရာကြီးနဲ့
ညှိနှိုင်းတိုင်ပင်ဖို့ ဆရာတော်ကို ၀ပ်ဖြည့်ဦးချပြီးတော့
ကျောင်းရုံးခန်းကို ထွက်ခွာခဲ့ကြပါတယ်။
ဆရာကြီးနဲ့ စကားပြောတော့ ရိုသေလေးစားမှုတွေများပြီး တပည့်တော်က တွေ
တင်ပါ့ဘုရားတွေဖြစ်ကုန်တော့ တာပေါ့ အမှတ်တရပါပဲ ဆရာတော် သံဃာတော်များကို
နေ့ဆွမ်းဆက်ကပ်လှူဒါန်းဖို့နဲ့ ကလေးတွေအတွက် နေ့လည်စာ ထမင်းကျွေးဖို့ကို
ဆရာကြီးနဲ့အသေးစိတ်တိုင်ပင်ပါတယ်။ ဆရာမတွေက ကျွန်မတို့ကို အလှူမတိုင်ခင်ည
ကျောင်းမှာလာအိပ်ဖို့ ဖိတ်ခေါ်ပါတယ် ... အင်း ... ဖြစ်နိုင်ရင်တော့
လာအိပ်ချင်ပါတယ် လို့ ။ ကျောင်းမှာအတူအိပ်ရင်
တညလုံးချက်ရင်းပြုတ်ရင်းအမှတ်တရပျော်စရာလေးတွေတော့
အများကြီးရမှာအသေအချာပါပဲ .. ကျောင်းက ဆရာမ တွေနဲ့လည်း တခဏ အတွင်းမှာပဲ
ခင်မင်ရင်းနှီးမှုတွေရရှိခဲ့ပါတယ်။
ကျွန်မတို့ကျောင်းကိုသွားတာဟာ တနင်္ဂနွေနေ့ဆိုပေမယ့် လေးတန်းမှ
ရှစ်တန်းအထိ ကလေးများကို အချိန်ပိုသင် ကြားပေးနေတဲ့အတွက် ကလေးငယ်နဲ့လည်း
တွေ့ခွင့်ရရှိခဲ့ပါတယ် ။ စာသင်ကျောင်းဆောင်ကိုအသွား စာသင်ဆောင်
အပြင်ဘက်လမ်းမှာ ထမင်းစားနေကြတဲ့ ကျောင်းသားတစ်ချို့ က
ကျွန်မတို့ကိုလည်းတွေ့ရော ထမင်းစားတာကို ရပ်ပြီး
လက်ကလေးတွေပိုက်လိုနှုတ်ဆက်ကြပါတယ် သူတို့လေးတွေရဲ့ပုံစံနဲ့
အဲဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ကျွန်မ ရင်ထဲ စိတ်မကောင်းခြင်း၊
သနားခြင်းနှင့် ကြည်နှုးမှုတွေ၊ ရောယှက်လို့ မျက်ရည်လည်မိပါတော့တယ်။
သူတို့လေးတွေ ၀တ်ဆင်ထားတဲ့ အ၀တ်အစားတွေဟာ ဟောင်းနွမ်းပြီး
အထပ်ထပ်ချူပ်ထားရတာတွေကိုမြင်လိုက်ရတော့၊ အော် .. ဆရာကောင်းသန့်ပြောတာ
မှန်လိုက်တာဆိုပြီး ဆရာ့ကိုလည်းသတိရမိပါတယ်။ ဆရာက သမီးတို့ကိုယ်တိုင်သွား
ကြည့်ရင်သိရပါလိမ့်မယ်လို့ဆိုတာကို ကိုယ်တိုင်မြင်တွေ့မှပဲ
သူတို့လေးတွေရဲ့ဘ၀ကို ပိုလို့သနားကြင်နာမိပါတော့ တယ်။ ဒါတောင်မှ
သူတို့စားနေတဲ့ ထမင်းနဲ့ဟင်းကို မကြည့်မိအောင် မျက်နှာလွဲလို့
ပြန်လည်နှုတ်ဆက်ရပါတယ်။
ကြည့်မိရင် ပိုလို့တောင်မှ ၀မ်းနဲရမှာအမှန်ပါ။
စာသင်ခန်းတခန်းခြင်းစီကို ၀င်ကြည့်ရင်း အမှတ်တရ ဓာတ်ပုံတွေရိုက်
သူတို့လေးတွေ စာသင်ကြားနေတာကို လေ့လာခဲ့ပါတယ်
။ကျောင်းသားကျောင်းသူတွေထဲမှာ ကိုရင်တွေနဲ့ တော်တော်လေးကိုနွမ်းပါးတဲ့
ကလေးငယ်များကို လည်းတွေ့ရပါတယ်။ ဆရာမဆီမှာ စာပြန်နေတဲ့ကလေးတွေ ကျွန်မက
ဓာတ်ပုံလှမ်းရိုက်လိုက်တော့ သူတို့လည်း ရှက်ရွံ့ပြီး
အထစ်ထစ်အငေါ့ငေါ့နဲ့ စာဆိုတာတောင်မှ ရပ်သွားပါတော့တယ်။ အော် ...
တစ်ချိန်က ကျွန်မတို့လည်း ကျောင်းကိုဧည့်သည်လာရင် ဒီလိုပဲ ရှက်ရွံ့ပြီး
လူရှိန် လူကြောက်တတ်ကြတာ ကလေးသဘာဝပဲလေ။ ကလေးငယ်တွေ
စာကိုကြိုးစားသင်ယူနေတာ တွေ့ရတဲ့အတွက် အလွန်ကိုဝမ်းမြောက်မိပါတယ်။
သူတို့လေးတွေရဲ့ စာအုပ်ကိုကြည့်မိတော့ လက်ရေးလက်သားကောင်းကောင်းနဲ့
သေသေသတ်သတ် ရေးထားတာကိုလည်း တွေ့ရပါတယ် ။ ကျွန်မတို့အဖွဲ့
သူတို့ကိုသွားရောက်ပြီးနှုတ်ဆက်တဲ့အတွက်သူတို့လည်း
ပျော်ရွှင်ကျေနပ်ကြတာကို သူတို့ရဲ့ အရယ်မျက်လုံး
အပြုံးမျက်နှာလေးတွေကတဆင့် ထိရှခံစားမိစေပါတယ်။
ဆရာကြီးနဲ့ ဆရာမများကို နှုတ်ဆက်ပြီးနောက်မှာတော့ ဆရာတော် ဥူးဝါယမိန္ဒ
ကို ခွင့်ပန်ကာ ရန်ကုန်ပြန်ဖို့ ထွက်အလာ ကျောင်းဝန်းထဲဝယ်
ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ ကလေးများကို တွေ့လိုက်ရပါတယ်။ လွတ်လွတ်
လပ်လပ် အနှောင်အဖွဲ့ကင်းကင်းနဲ့ အခုလိုမျိုးအေးအေးချမ်းချမ်း
ပျော်ပျော်ရွှင်ရွှင်စာသင်ကြားနိုင်တာဟာ ဆရာတော်ဘုရားရဲ့
ကျေးဇူးတွေအင်မတန်မှကို ကြီးမားလှပါတယ် ။ ဆရာတော်ဘုရားရဲ့ ပရဟိတ
စိတ်ဓာတ်ကို အထူး ပင်လေးစားကြည်ညို အားကျမိပါတယ်။ ဆရာတော်သာ
ဒီလိုကျောင်းမျိုးကိုမတည်တောင်ခဲ့ဘူးဆိုလျှင်ဖြင့် အခုနေအခါ
ဒီကလေးလေးတွေရဲ့ဘ၀ဟာ မတွေးရဲအောင်ပါပဲ .. အခုလိုမျိုးဦးဆောင်ပြီး ပရိဟိတ
အကျိုးကို သယ်ပိုးနေတဲ့ ဆရာတော်ရဲ့မေတ္တာကို မမှီနိုင်တောင်မှ
ကျွန်မတို့လည်းတတ်စွမ်းသမျှ ဆရာတော်နဲ့အတူ ဒီကလေးလေး တွေရဲ့
ကျောင်းနေစဉ်အရွယ်ဘ၀ကို ရေလောင်းပေါင်းတင် ပြုစုပျိုးထောင်ပေးဖို့
စိတ်ဆုံးဖြတ်ခဲ့ပါတယ်။
တကယ့်ကို ဖြူစင်တဲ့ အရိုးခံမျက်နှာလေးများကို
မျက်လုံးထဲဝယ်မြင်ယောင်နေမိတယ် သားတို့သမီးတို့ အားလုံးစုပြီး
ဓာတ်ပုံရိုက်ပေးမယ် လာကြဆိုတော့ .. အိုး ..... သူတို့ပျော်လိုက်ကြတာ၊
သူတို့ကို အခုလို အရေးတယူ ခေါ်ပြီး ရင်းနှီး နွေးထွေးစွာနေပေးတော့
အတော်လေးကို သူတို့ပျော်ကြတယ် ၀မ်းသာကြတယ် .. ကင်မရာမှာပေါ်နေတဲ့
သူတို့ရဲ့ ရုပ်ပုံကို ဒူဒူက ပြတော့ အိုး .... ဒူဒူနားမှာဆိုတာ
ဝိုင်းဝိုင်းကိုလည်နေကြတာပေါ့ .. ဒီလိုမျိုးလေးပဲ ကျွန်မတို့ရဲ့
သူတို့အပေါ် ခင်မင်မှုအပြုံးကို ပြရသေးတယ် သူတို့မှာ ကျွန်မတို့အပေါ်
အတော်လေးကို သံယောဇဉ်ဖြစ်သွားတယ်ဆို တာ ကျွန်မနှလုံးသားကခံစားမိတယ်
သနားကရုဏာ သက်ဖွယ် ဒီကလေးငယ်လေးတွေ စာအရးအဖတ်လေးမှာ
ကောင်းစွာမသိနားမလည်ရင် မသင်ကြားခဲ့ရရင် လူ့လောက အသိုင်းအ၀ိုင်းမှ
ဘယ်လောက်များမျက်နှာငယ် အောက်ကျပြီး လူရာမ၀င်ဖြစ်ရရှာမလဲဆိုတာ
စဉ်းစားသာကြည့်ပေတော့ စာမတတ်လို့ အရပ်ထဲ ပလပ်စတစ်ကောက်၊
တောင်းရမ်းစားသောက်ရာကနေတဆင့်၊ လူဆိုး ၊ သူခိုးတွေဖြစ်လာခဲ့ရတဲ့
လူငယ်တွေအများကြီးပါ ၊ နောင်အနာဂတ်
နိုင်ငံတော်ကြီးမှာဒီလိုမျိုးလူငယ်တွေမရှိလျှော့နည်းရလေအောင် ဆရာတော်က
ဦးဆောင်ပြီး ပညာတတ် လူယဉ်ကျေး လေးတွေဖြစ်အောင် လိုအပ်ချက်တွေ
ဖြည့်ဆည်းပေးနေတဲ့ ဆရာတော်ရဲ့မေတ္တာကို ကြည်ညိုမိပါတယ်။
ကျွန်မတို့တွေ ပြန်တော့မယ်လို့နှုတ်ဆက်လိုက်တော့ လက်တပြပြ နဲ့
ပြန်လည်နှုတ်ဆက်ကြတဲ့ အရိုးခံစိတ်ရင်းလေး တွေနဲ့ သူတို့လေးတွေဟာ
နောင်တချိန်မှာ နိုင်ငံအတွက်လူမျိုးအတွက် သားကောင်းရတနာ
သမီးကောင်းရတာနာလေး တွေ ဖြစ်လာမယ်လို့ ကျွန်မယုံကြည်နေမိပါတယ်။ သူတို့ထဲက
တစ်ယောက်ပဲဖြစ်ဖြစ် နိုင်ငံတွက် အကျိုးရှိမယ့်သူတစ်ဦးဖြစ်ခဲ့ရင်
ကျွန်မတို့ သူတို့ကို သွားရောက်လှူဒါန်းရကျိုးနပ်နေပါပြီ။
ကျွန်မတို့ရဲ့လှူဒါန်း မှုဟာ အကျိုးအမြတ်တစ်ခုကို ရယူလိုမှုနဲ့
လှူဒါန်းတာမဟုတ်ပါဘူး ဆရာတော်ဘုရားမိန့်ကြားသလို တူသောအကျိုးကို
ခံစားရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ၊ သေချာတာတစ်ခုကတော့ သူတို့လေးတွေရဲ့
ပျော်ရွှင်တက်ကြွနေတဲ့ အပြုံးလေး တွေက ကျွန်မတို့ကို ကူးစက်လို့
ကြည်နှုးပျော်ရွှင်ရမှာကတော့ အသေအချာပါပဲ ချက်ခြင်းကို
ရောင်ပြန်ဟပ်မယ်ဆိုတာ တော့ ရဲရဲကြီးအာမခံပါတယ်။
ဆရာတော်ရဲ့မေတ္တာ ၊ ဆရာ/မ တွေရဲ့အကြင်နာ၊ ကျွန်မတို့လို
အလှူရှင်တွေရဲ့စေတနာတွေ၊ ပေါင်းစပ်လိုက်လို့ရှိရင် တော့ ဒီကလေးငယ်တွေရဲ့
အနာဂတ်ဘ၀လှပသော ပန်းကလေးတွေလို လန်းဆန်းမွှေးမြ နေမှာအမှန်ပါပဲရှင် ။
ဒီလိုနဲ့ပဲ ကျွန်မတို့ရဲ့ အိမ်အပြန်ခြေလှမ်းများက
ကလေးတွေနဲ့ပတ်သက်ပြီး ကိုယ်စီကိုယ်ငှ ခံစားမှုကိုယ်စီ အတွေး
ကိုယ်စီနဲ့ပေါ့ ဒီအလှူအတွက်လည်း ကြိုတင်ရင်ခုန်ခံစားနေမိပါတော့တယ်။ အော
်..... ဒါနဲ့ ကျွန်မတို့ကို ဒီကလေးငယ် တွေအတွက် စိတ်လှုပ်ရှားရင်ခုန်
ကြည်နှုးချင်တယ်ဆိုရင်တော့ ၀မ်းမြောက်ဝမ်းသာကြိုဆိုလျှက်ပါနော် ။
ဒီခရီးကို အတူသွားခဲ့ကြတဲ့ သူငယ်ချင်းများကိုလည်း လွန်တာရှိ ၀န္ဒာမိ
ပါလို့ ကျွန်မရဲ့ရှည်လျားထွပြားတဲ့ လျှာရှည်မှု ကို အဆုံးထိတိုင်အောင်
အချိန်ပေးပြီးခံစားဖတ်ရှုပေးကြတဲ့ စာရှုသူမိတ်ဆွေသူငယ်ချင်းများနှင့်
အလှူရှင်များအားလုံးကို နှလုံးသားရဲ့တစ်နေရာက ကျေးဇူးတင်လျှက်

No comments: